Wednesday, December 26, 2018

ထိုင်ဝမ်ရောက် ဗီယက်နမ် ၁၅ဝ ကျော် ပျောက်ဆုံးသွား


ထိုင်ဝမ်နိုင်ငံကို ဗီယက်နမ်နိုင်ငံသား ၁၅၂ ဦး ခရီးသွားအလည်အပတ်ဗီဇာနဲ့ ရောက်ရှိလာခဲ့ပြီး ပျောက်ဆုံးသွားကြတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေက ပြောပါတယ်။ 
ထိုင်ဝမ်အနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကစလို့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်ခဲ့ရာမှာ တောင်အာရှ နဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ခရီးသွားတွေကို ဆွဲဆောင်တဲ့အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာတွေ တိုးမြှင့်ထုတ်ပေးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ နိုင်ငံတောင်ပိုင်း ကွာဆီအန်းမြို့ကို ဝင်ရောက်လာခဲ့တဲ့ ဗီယက်နမ်နိုင်ငံသား ၁၅၃ ယောက်ထဲက တယောက်ကိုသာ ခြေရာခံမိခဲ့ပြီး ကျန်တဲ့သူတွေ ဘယ်ရောက် သွားတယ်ဆိုတာ မသိရသေးဘူးလို့ ထိုင်ဝမ် လူဝင်မှုကြီးကြပ်ရေးဌာနက ပြောပါတယ်။ 

ထိုင်ဝမ် သတင်းမီဒီယာတွေကတော့ အဲဒီပျောက်ဆုံးသွားတဲ့ ဗီယက်နမ်တွေဟာ ထိုင်ဝမ်မှာ တရားမဝင် အလုပ်လုပ်ဖို့ လာခဲ့ကြတာ ဖြစ်မယ်လို့ ဖော်ပြကြပါတယ်။ 

သူတို့ကိုတွေ့ရှိရင် ထိုင်ဝမ်ကနေ နှင်ထုတ်မယ့်အပြင်၊ ပြည်ဝင်ခွင့် ၅ နှစ် ပိတ်ပင်ခံရမယ်လို့ ထိုင်ဝမ် လူဝင်မှုကြီးကြပ်ရေးဌာနက ပြောပါတယ်။ 

အရင်ကလည်း ထိုင်ဝမ်ကို လာရောက်ရင်း ပျောက်ဆုံးသွားခဲ့သူပေါင်း ၁၅ဝ လောက်ရှိခဲ့တယ်လို့ ခရီးသွားလုပ်ငန်းဌာနက ပြောပါတယ်။ 

(Photo: AFP)
RFA

0 comments:

Post a Comment