Thursday, December 27, 2018

ရုပ်ရှင်အစည်းအရုံးမှာ မင်္ဂလာဦးအလှူ ပြုလုပ်မယ့် ဏကြီးနဲ့ ပိုင်ဖြိုးသု



ဒါရိုက်တာဏကြီးနှင့် သရုပ်ဆောင်ပိုင်ဖြိုးသုတို့၏မင်္ဂ လာဦးအလှူအဖြစ် ဇန်နဝါရီ ၁ ရက် နံနက်တွင် ရုပ်ရှင်အစည်း အရုံး၌ ကိုလူချောအဖွဲ့နှင့် စက်မှု အလွှာအဖွဲ့ရှိ တစ်ဦးချင်းအား ဆန်တစ်တင်းခွဲတစ်အိတ်နှင့် ဆီသုံးပိဿာစီ လှူဒါန်းမည်ဖြစ်သည်။ 
ချစ်သူသက်တမ်းငါးနှစ်ရှိပြီ ဖြစ်သည့် ၎င်းတို့နှစ်ဦး၏စေ့စပ် မင်္ဂလာပွဲကို ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သည်။ 

ဏကြီးနှင့် ပိုင်ဖြိုးသုတို့ စေ့စပ်ပွဲပြုလုပ်သည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ဖော်ပြစဉ်က ပရိသတ်များ သဘောတူမှုနှင့် အား ပေးမှုရရှိခဲ့သည်။ 

စေ့စပ်ပွဲကို ရိုးရိုးရှင်းရှင်းသာပြုလုပ်ပြီး မင်္ဂလာပွဲကိုလည်း ၎င်းတို့နှစ်ဦး စိတ်ကြိုက်ရိုးရှင်း သည့် မင်္ဂလာညစာစားပွဲတစ်ပွဲ သာ ပြုလုပ်မည်ဖြစ်သည်။ 

၎င်းတို့ချစ်သူနှစ်ဦး ပုံဖော် ရိုက်ကူးခဲ့သော ‘မီ’ ရုပ်ရှင်ဇာတ် ကားကို မကြာမီက ရုံတင်ပြသခဲ့ရာ ဝေဖန်မှုရှိသော်လည်း ပရိသတ်အများစု၏နှစ်ခြိုက်အားပေးခြင်း ကို ရရှိခဲ့သည်။ 

အဆိုပါဇာတ်ကားကို ဒါရိုက်တာဏကြီးက ပုံဖော်ရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ အောင်ရဲထိုက်၊ ပိုင်ဖြိုးသုနှင့် အခြားသရုပ်ဆောင်များစွာ ပါဝင် သည်။ 

‘မီ’ ဇာတ်ကားကို ဒီဇင်ဘာ ၆ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Cathay ရုပ်ရှင်ရုံတွင် ရုံတင်ပြသပြီး စင်ကာပူပရိသတ်များ၏ အားပေးမှုရရှိသည့် ဇာတ်ကား ဖြစ်သည်။


7Day

0 comments:

Post a Comment