Thursday, December 27, 2018

ပလက်ဖောင်းပေါ် လမ်းလျှောက်သူ သုံးဦးကို ယာဉ်တစ်စီးအရှိန်လွန်ဝင်တိုက်၍ တစ်ဦးပွဲချင်းပြီး သေဆုံး



ဗဟန်းမြို့နယ် ကန်တော် ကြီးကန်ပတ်လမ်းရှိ ဂျပန်သံအမတ်ကြီးအိမ်ရှေ့အနီးတွင် ယမန်နေ့ နံနက် ၆ နာရီခွဲခန့်က လမ်း ပလက်ဖောင်းပေါ် လမ်းလျှောက်နေသူ အမျိုးသမီးသုံးဦးကို ယာဉ်တစ်စီးက အရှိန်လွန်ဝင်တိုက်၍ အခင်းဖြစ်နေရာ၌ တစ်ဦးသေ ဆုံးသွားသည်။ 
ကျန်အမျိုးသမီးနှစ်ဦးသည် ဒဏ်ရာများရရှိ၍ ရန်ကုန်ဆေးရုံ ကြီးသို့ တင်ပို့ကုသထားပြီး ယာဉ်မောင်းကို ဗဟန်းမြို့နယ်ရဲစခန်း တွင် ဖမ်းဆီးအရေးယူထားကြောင်း အမှတ်(၇)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ ခွဲမှူးရုံးမှ ရဲအုပ်စောဝင်းက ပြော သည်။ 

‘‘Dolphin စားသောက်ဆိုင် အကျော် ကွေ့နားလေးမှာ ဖြစ် သွားတာ။ ကျောခိုင်းပြီးလမ်း လျှောက်လာတဲ့သူတွေကို တိုက် မိတာပါ။ အရှိန်ပြင်းတယ်။ ကား တိုက်ခံရတဲ့ သုံးယောက်မှာ တစ် ယောက်ကတော့ အဲဒီနေရာမှာ တင် သေသွားတယ်။ ကျန်နှစ် ယောက်ကတော့ ဆေးရုံမှာ တင် ထားဆဲပဲ။ ကားမောင်းတဲ့သူ လည်း ဒဏ်ရာရလို့ ဆေးကုသပြီး အခုရဲစခန်းမှာ ချုပ်ထားပါတယ်’’ ဟု ၎င်းကပြောသည်။ 

ဒီဇင်ဘာ ၂၅ ရက် နံနက် ၆ နာရီကျော်တွင် ဗဟန်းမြို့နယ် နတ်မောက်လမ်းထဲသို့ ကြားတောရမီးပွိုင့်ဘက်မှ ဗိုလ်ချုပ်ကြေးရုပ်ဘက်သို့ တာမွေမြို့နယ်နေ ယာဉ်မောင်း လာဘ်ရင်ချန်နား (ခ)လိုင်ရင်ချိုင်းနား မောင်းနှင် လာစဉ် Dolphin စားသောက် ဆိုင်အကျော် ဂျပန်သံအမတ်ကြီး အိမ်ရှေ့အရောက် အရှိန်မထိန်း နိုင်ဘဲ လမ်း၏ယာဘက်ပလက် ဖောင်းပေါ်ရှိ ဓာတ်တိုင်တစ်တိုင် ကို တိုက်မိခဲ့သည်။ 

ထို့နောက် ယင်းပလက် ဖောင်းပေါ် လမ်းလျှောက်နေ သော တာမွေမြို့နယ်နေ ဒေါ်နုနုထွေး(၅၀)နှစ်နှင့် အစ်မဒေါ်ပြုံး(၆၀)နှစ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေမဖြူဖြူသီ(၂၂)နှစ်တို့ သုံးဦးကို ဆက်တိုက်မိကာယာဉ်ပက်လက်လန်ပြီး ဓာတ်တိုင်လည်း ကျိုးကျပျက်စီးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ 

ယာဉ်တိုက်မိ၍ မဖြူဖြူသီသည် မျက်နှာနှင့် ခြေထောက်တို့ တွင် ပြင်းထန်ဒဏ်ရာများ ရရှိ ကာ အခင်းဖြစ်နေရာ၌ သေဆုံးပြီး ဒေါ်နုနုထွေး၊ ဒေါ်ပြုံးနှင့် ယာဉ်မောင်း လာဘ်ရင်ချန်နားတို့ ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ သည်။ 

ယာဉ်မဆင်မခြင်မောင်းနှင် သူ လာဘ်ရင်ချန်းနားကို ဗဟန်း မြို့မရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင်မှုပုဒ်မ ၂၇၉၊ အသက် သေဆုံးကာ နာကျင်စေမှုပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈ ဟူသည့် ပုဒ်မ သုံးခုဖြင့် အမှုဖွင့်အရေးယူထား သည်။


7Day

0 comments:

Post a Comment