Wednesday, December 26, 2018

ငှက်နှင့်တိုက်မိပြီး လေယာဉ်ခရီးစဉ်များ နှောင့်နှေးခဲ့ရခြင်းအတွက် Air KBZ တောင်းပန်



ရန်ကုန်- နေပြည်တော်ပြေးဆွဲပေးနေသည့် ခရီးစဉ် K7 234 နောက်ကျခဲ့ခြင်းအတွက် ခရီးသွားပြည်သူများကို အနူးအညွတ်တောင်းပန်ကြောင်း Air KBZ လေကြောင်းလိုင်းမှ မြန်မာ အင်္ဂလိပ် ၂ ဘာသာဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ဒီဇင်ဘာ ၂၆ ရက်နေ့ က ပြေးဆွဲသည့် ခရီးစဉ် K7 234 ၏ လေယာဉ်မှာ ငှက်များဖြင့်တိုက်မိခဲ့ခြင်းဖြစ်ပြီးခရီးသည်များဘေးကင်းလုံခြုံစေရန် လေယာဉ်ပိုင်းဆိုင်ရာစစ်ဆေးမှု့ များကို မဖြစ်မနေပြုလုပ်ခဲ့ရသည့်အတွက်ခရီးအချိန်ကြန့် ကြာခြင်း၊လေယာဉ်အချိန်ပြောင်းလဲခြင်းများပြုလုပ်ခဲ့ရကာ ခရီးသည်များ၏ အဆင်မပြေမှု့ များအတွက် Air KBZ မှ အနူးအညွတ်တောင်းပန်သည့် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

မှတ်တမ်းများအရAir KBZလေကြောင်းလိုင်းမှစစ်တွေ-ရန်ကုန်သို့ ပျံသန်းသည့်လေယာဉ်မှာ ယခု ၂၀၁၈ဇူလိုင်လအတွင်းငှက်ဖြင့်တိုက်​မိ၍မှန်​အက်​ကွဲကာ သံတွဲလေ ဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရသလို ၂၀၁၄ ဒီဇင်ဘာ၁၄ကလည်း ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံခရီးစဉ်ပျံသန်းမည့်Air-KBZ လေယာဉ်မှာ အမြင့်ပေသုံးထောင်တွင် ငှက်အုပ်ဖြင့်တိုက်မိ၍ ရန်ကုန်လေဆိပ်သို့ပြန်လည် ဆင်းသက်ခဲ့ရကာ အဆိုပါခရီးစဉ်အတွက် အခြားလေယာဉ်တစ်စင်းဖြင့် ပြန်လည်ပြေးဆွဲပေးခဲ့ရဖူးကြောင်း သိရသည်။ 

အဆိုပါ ၂၀၁၄ ဒီဇင်ဘာလအတွင်း Air KBZ ၏ဖြစ်စဉ်မတိုင်မီရက်ပိုင်းအတွင်းကလည်း စင်ကာပူမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာလာသည့် MAI မှ လေယာဉ်တစ်စင်းလည်း ငှက်ဖြင့်ထိခိုက်မိခဲ့ရာ လေယာဉ်ထိပ်ဖူးပိုင်းတွင် တစ်ပေပတ်လည်ခန့်အပေါက် ဖြစ်သွားခဲ့ဖူးကြောင်းလည်း သိရသည်။ 


Creditး Air KBZ 
The Ladies News

0 comments:

Post a Comment