Wednesday, December 26, 2018
ဇန်​နဝါရီ ၂ တွင်လွတ်​​မြောက်​နိုင်​သည်ဟုဒုရဲမှူး​ဟောင်းမိုးရန်​နိုင်​က​ပြောဆို​ကြောင်း ဇနီးဖြစ်​သူ​ ပြောကြား
ရိုက်​တာသတင်း​ထောက်​နှစ်​ဦးအား လုံခြုံ​ရေးဆိုင်​ရာ စာရွက်​စာတမ်းများ​ပေး၍ ​ထောင်​​ခြောက်​ဆင်​ဖမ်းရန်​ အထက်​မှအမိန့်​​ပေးခဲ့​ကြောင်း တရားရုံးတွင်​ထွက်​ဆိုခဲ့သည့်​ ဒုရဲမှူး​ဟောင်း မိုးရန်​နိုင်​မှာ လာမည့်​ ဇန်​နဝါရီ ၂ ရက်​​နေ့တွင်​ ပြန်​လည်​လွတ်​​မြောက်​လာနိုင်​​ကြောင်း ၄င်း၏ဇနီးဖြစ်​သူ ​ဒေါ်တူးမာက The Ladies သို့အတည်​ပြု​ပြောဆိုသည်​။ 
သတင်း​ထောက်​နှစ်​ဦးအား ​ထောင်​​ခြောက်​ဆင်​ဖမ်းဆီးခဲ့​ကြောင်းတရားခွင်​အတွင်းထွက်​ဆိုခဲ့သည့်​ ဒုရဲမှူး​ဟောင်း မိုးရန်​နိုင်​အား ​ပြီးခဲ့သည့်​နှစ်​ဒီဇင်​ဘာ ၂၈ ရက်​က ​ ထောင်​ဒဏ်​တစ်​နှစ်​ချမှတ်​ခဲ့ပြီး လွတ်​ရက်​​စေ့​တော့မည်​ဖြစ်​​ကြောင်း ​ဒေါ်တူးမာက ​ပြောသည်​။ 
"ပြီးခဲ့တဲ့​နေ့က​ထောင်​ဝင်​စာသွား​တွေ့​တော့ လာမယ့်​ ၂​ရက်​​နေ့​တော့ လွတ်​နိုင်​တယ်​လို့ ​ပြောတယ်​။ ကျန်​တာ​တော့ ဘာမှမ​ပြောဘူးရှင့်​။ သူ လွတ်​မယ်​လို့​တော့ ​ပြောတယ်​ရှင့်​။လွတ်​မယ့်​အချိန်​​တွေ၊ လွတ်​မယ့်​ပုံစံ​တွေ​တော့ အဲဒါ​တွေ မ​ပြောဘူးရှင့်​။ ၂ရက်​​နေ့လွတ်​မယ်​ပဲ​ ပြောတယ်​"ဟု ၄င်းက ​ပြောသည်​။ 
ရိုက်တာသတင်းထောက် ၂ ဦးအမှုတွင် ​ဒုရဲမှူးဟောင်း မိုးရန်နိုင်မှာ တရားလိုပြသက်သေအဖြစ်ပါဝင်ခဲ့သူဖြစ်သော်လည်း ​​မယုံကြည်ရသောသက်သေအဖြစ် တရားလိုရှေ့နေ၏တင်သွင်းခြင်းခံခဲ့ရသူဖြစ်ပြီး ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့်​ ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရသည်​။ 
ဒုရဲမှူးဟောင်းမိုးရန်နိုင်မှာ လွတ်လပ်စွာရေးသားထုတ် ဖော်ပြောဆိုခွင့်အ​​ပေါ် ထူးချွန်​စွာကာကွယ်နိုင်သူအဖြစ် ဂုဏ်ပြုဆုကို Pen Myanmar အဖွဲ့ က ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ချီးမြှင့်ခဲ့သည်။ 
The Ladies News
0 comments:
Post a Comment