Wednesday, December 26, 2018

ရန်ကုန်မြို့တွင်း အထင်ကရနေရာများဆီ လမ်းလျှောက်မည့် Yangon Steps အစီအစဉ် ၂၀၁၉ တွင် ပြုလုပ်မည်


မြန်မာနိုင်ငံ ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး ထင်းရှားသောနေရာများစွာရှိ သည့် ရန်မြို့တွင်း သို့ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန် နှင့် နိုင်ငံတကာ ပိုမိုသိရှိစေရေး အတွက် ၂၀၁၉ ခုနှစ်အတွင်း Yangon Steps အစီစဉ် ကို ပြုလုပ်သွားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စီစဉ်ထားကြောင်းမြန်မာ့ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း မှ သိရသည်။ 
Yangon Steps အစီအစဉ် သည် ရန်ကုန်မြို့တွင်း လှည့်လည် လမ်းလျှောက်ခြင်း ကဏ္ဍတစ်ခု ဖြစ်ပြီး အထင်ကရ သမိုင်းဝင်နေရာ များအား လေ့လာခြင်း များလည်းပါဝင်မည် ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားများ ကို ရန်ကုန်မြို့တွင် မည်သည့်အရာများရှိသည်ကို ပြသဖော်ထုတ် ရာရောက်မည့် အစီအစဉ်ဟု သိရသည်။ 

” ကျွန်မတို့ လမ်းလျှောက်မှာဖြစ်ပါတယ်။ မာရသွန်တို့ပြေးပွဲတို့ တော့မဟုတ်ပါဘူး။ ကျွန်မတို့ မှန်းထားတာကလူ၃၀၀၀လောက် မှန်းထားပါတယ်။ အဲ့ဒီ့တော့ ဒီ ၃၀၀၀ ကရန်ကုန်မြို့အလယ်မှာ ရန်ကုန်မြို့ရဲ့အထင်ကရဖြစ်တဲ့ ဒီအဆောက်အဦးတွေ တစ်ကယ့်သမိုင်းဝင် အဆောက်အဦးတွေရှိတယ်။ ဘယ်ကစထွက်မလဲဆိုတော့ မြို့တော်ခန်းမရှေ့ကနေ စထွက်ပြီး အဲ့မှာ ရှိတယ့် စိန့်မေရီ ချက်တို့ အတွင်းဝန်ရုံးတို့အဲ့ရှေ့ကနေဖြတ် သွားပြီးတော့ ဖြတ်သွားရုံမဟုတ်တဲ့ အပြင်ဒီအဆောက် အဦတွေကို သွားနေရင်းနဲ့ လေ့လာသွားလို့ရအောင်စီစဉ်ထားပါတယ်။ ” ဟု မြန်မာ့ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း မှ ဒေါ်မေမြတ်မွန်ဝင်း ကပြောသည်။

Yangon Steps ကို ပထမဆုံးအနေဖြင့် လာမည့် ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၆ ရက် တွင် ညနေ ၅နာရီတွင် စတင် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့ လည်အတွင်း ၄.၅km အထိလမ်းလျှောက်ကြ မည် ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် Myanmar Tourism Marketing ဖုန်း ၉၅၉၉၇၇၂၀၄၄၅၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ 

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်စေရန် နှင့် အခြားပြည်နယ် နှင့် တိုင်းဒေသကြီးများ၏ အထင်ကရနေရာ များအား အများသိမြင်နိုင် စေရန်လည်း Yangon Stepsကဲ့ သို့ သက်ဆိုင်ရာ နေရာများ ၏Steps အစီအစဉ်များ ကိုလည်းပြုလုပ်သွားနိုင်ရန် ရှိနေသေးကြောင်း မြန်မာ့ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း မှသိရသည်။ 

မေစု
The Fifth Wave News

0 comments:

Post a Comment