Wednesday, December 26, 2018

သက်ငယ်မုဒိမ်းသမားတွေကို ပြစ်ဒဏ်ကြီးကြီးပေးသင့်တယ်လို့ တောင်းဆိုလိုက်တဲ့ အကယ်ဒမီ ခန့်စည်သူ


နိုင်ငံတစ်ဝန်းမှာ ကြားမကောင်းလောက်အောင် မကြာခဏဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှုတွေအတွက် ကျုးလွန်သူတွေကို ထိထိရောက်ရောက်အပြစ်ဒဏ်ပေးသင့်တယ်လို့ သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူက တိုက်တွန်းပြောကြားလိုက်ပါတယ်။ 
သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပညာပေးကားဆန်ဆန် ရိုက်ကူးတော့မယ့် သမီးကလေးရဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီးမှာ သက်ငယ်မုဒိမ်းသမားတွေကို သတ်ပစ်ခဲ့သူနေရာကနေ သရုပ်ဆောင်ထားတဲ့ ခန့် စည်သူက သက်ငယ်မုဒိန်းမှုတွေနဲ့ ပတ်သက်ပြီးတော့ သူရဲ့အမြင်ကို အခုလိုပြောခဲ့တာပါ။ “ သက်ငယ်မုဒိန်းပြုကျင့်တဲ့သူတော်တော်များများက သားကောင်ရွေးချယ်တော့မယ်ဆိုရင် အသက်ငယ်သော၊ ပြန်ပြီးမရုန်းကန်းနိုင်သော၊ ခွန်အားနည်းသော ကလေးတွေကို ရွေးချယ်တာများတာပေါ့။ ရင်နာစရာကောင်းတာက သက်ငယ်မုဒိမ်းပြုကျင့်ပြီးရင် တစ်ခါတည်းလူပါ သတ်ပစ်လိုက်တယ်။ မသတ်ဘဲထားရင် သက်သေဖြစ်သွားနိုင်တယ်လေ။ ပြီးတော့ သက်ငယ်မုဒိမ်းမှုက ပြစ်ဒဏ်တော်တော်ကြီးတဲ့အတွက် ပြုကျင့်ပြီးတဲ့အခါမှာ လက်စဖျောက်ပစ်တာ များတယ်။ ဥပဒေလမ်းကြောင်းအရကြည့်မယ်ဆိုရင် တကယ်သက်ငယ်မုဒိမ်းပြုကျင့်တဲ့သူကို ပြစ်ဒဏ်ကြီးကြီးပေးသင့်ပါတယ်။ 

ဒါပေမဲ့ တစ်ခုရှိတာက ၉ တန်းကောင်မလေးနဲ့ ၁၀ တန်း ကောင်လေးကြိုက်လို့ခိုးပြေးသွားတယ်။ အသက်မပြည့်သေးဘူးလေ။ မိန်းကလေးရှင်ဘက်က သက်ငယ်မုဒိမ်းပုဒ်မနဲ့ တရားစွဲလို့ရတယ်။ ဒါမျိုးရော သေဒဏ်ပေးမှာလား။ ဒါတွေကတော့ ဥပဒေပညာရှင်တွေ ပိုပြီးတော့နားလည်ပါတယ် ” လို့ ခန့် စည်သူက ပြောပါတယ်။ 

သက်ငယ်မုဒိမ်းမှုတွေကြောင့် ကိုယ့်ရဲ့ကလေးတွေကို အုပ်ထိန်းသူမပါဘဲနဲ့တစ်ယောက်တည်းမလွှတ်သင့်သလို ပညာပေးဇာတ်ကားဒတွေကို ဘယ်လိုပြသနေပါစေ မိဘတွေအနေနဲ့ ရင်အုပ်မကွာပြုစုစောင့်ရှောက်သင့်တယ်လို့ လည်း ဆိုပါတယ်။ 

သမီးကလေးရွာ ရုပ်ရှင်ဇာတ်ကားကတော့ သက်ငယ်မုဒိမ်းမှုတွေကို ကာကွယ်ပေးနိုင်အောင် ပညာပေးထားတဲ့ ဇတ်ကားတစ်ကားဖြစ်ပြီး အကယ်ဒမီ ခန့်စည်သူ၊ ထွန်းကိုကို၊ ရွှေမှုံရတီ၊ သွန်းဆက်၊ ဘေဘီမောင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

(အကုန်သိသတင်းဌာန)

0 comments:

Post a Comment