Wednesday, December 26, 2018

ငွေစက္ကူ တစ်သောင်းတန် အတု အစစ် ခွဲခြင်းကို တောင်သူလယ်သမားများနှင့် နယ်ဒေသခံများ အသိပညာနည်းပါးခြင်းကို သတိပြုဖို့ လိုအပ်


ငွေစက္ကူ တစ်သောင်းတန် အတုအစစ်ခွဲခြားခြင်းကို တောင်သူလယ်သမားများနှင့် နယ်ဘက်နေထိုင်သူများ အသိပညာနည်းပါးခြင်းကို သတိပြုဖို့လိုအပ်ကြောင်း ကမ္ဘောဇဘဏ်၏ အကြံပေး အတိုင်ပင်ခံ ဦးသန်းလွင် က အကုန်သိသတင်းဌာနကို ပြောသည်။ 
“ဗဟိုဘဏ်ကတော့ ငွေစက္ကူ အတု ဆိုတာ ဘယ်လို ၊ အစစ်ဆိုတာ ဘယ်လိုဆိုပြီး သတင်းစာတွေကနေ ပြောသွားတော့ ဒါသူ့တာဝန်အရပေါ့။ ပြောပြီးပြီ ၊ ဒါကိုလိုက်နာကြရုံပဲ။ တစ်ခုရှိတာ ဒီလိုငွေစက္ကူ အတုနဲ့ အစစ် ခွဲတာကို တောင်သူလယ်သမားတွေနဲ့ နယ်ဘက်က လူတွေက အသိနည်းတယ်။ အဲဒီတော့ ဒါလေးကို အသိပညာပေးဖို့ သတိထားရမှာပေါ့။ ဒါတစ်ခုတော့ရှိတယ်’’ ဟု ဦးသန်းလွင် က ပြောသည်။ 

ပြီးခဲ့သည့် လပိုင်းအတွင်း စင်္ကာပူမှပြန်လာသော အလုပ်သမလေး၏ လစာတွင် ငွေစက္ကူတစ်သောင်းတန်အတုများ ပါလာ၍ ရဲဌာနသို့ သွားရောက်အပ်ရာတွင် ဖမ်းဆီးခံရလိုက်ရသလို အိမ်ရောင်းရငွေများကိုလည်း ဘဏ်သို့ အပ်နှံသူ အမျိုးသားတစ်ဦးလည်း ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ 
  
တစ်သောင်းတန် ငွေစက္ကူ အတုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာသားနှင့် ငွေတန်ဖိုးကို လက်နှင့် ပွတ်ကြည့်ပါက ပြောင်ချောချောရှိနေကြောင်း၊ ငွေစက္ကူ တန်ဖိုးတွင် ဆေးရောင်စွန်းထင်းနေခြင်း၊ ငွေစက္ကူအစစ်ထက် အနည်းငယ် ပိုတိုနေသည့် သဏ္ဌ္ဌာန်ရှိကြောင်း သိရသည်။ 

ငွေစက္ကူ အတုအား မသိရှိဘဲသုံးစွဲမိပါက အရေးယူခံရမည်မဟုတ်ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကလည်း ပြောကြားထားသည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment