Saturday, December 1, 2018

ရုရှားနှင့် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေချိန် ယူကရိန်း စစ်ရေးလေ့ကျင့်


ယူကရိန်း နဲ့ ရုရှားတို့ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာ နိုဝင်ဘာ ၂၉ ရက်က ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ အဇော့ပင်လယ် ကမ်းရိုးတန်းအနီးမှာ ဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီ မာရီယိုပိုမြို့ စစ်ရေးလေ့ကျင့်မှုဟာ ရုရှားရဲ့ ခရိုင်းမီးယား ကျွန်းဆွယ် S-400 ဒုံးကျည် ကာကွယ်ရေးစနစ်သစ် ဖြန့်ကြက်နေချိန်နဲ့လည်း သွားတိုက်ဆိုင်နေပါတယ်။ 

ယူကရိန်း ပူးတွဲတပ်ဖွဲ့တွေရဲ့ တပ်မှူးက “ဒီစစ်ရေးလေ့ကျင့်မှုဟာ ရုရှားရဲ့ လေကြောင်း ကျူးကျော်မှုကို တားဆီးနိုင်စွမ်း ရှိပါတယ်။ မာရီယိုပိုမြို့ဝန်းကျင်မှာ ၇၅ ကီလိုမီတာ အကွာဝေး အတွင်း ပစ်ခတ်တဲ့ ဒုံးကျည်တွေကို ကာကွယ်နိုင်တဲ့ ကာကွယ်ရေးစနစ် ရှိပါတယ်” လို့ ပြောပါတယ်။ 

မာရီယိုပိုမြို့နဲ့ အနီးဝန်းကျင်က ဘာဒီယန်စကာမြို့တို့ဟာ ယူကရိန်း သင်္ဘော ၃ စီး ဖမ်းဆီးခံရတဲ့ နေရာဖြစ်ပါတယ်။ 

အဲဒီ နေရာဟာ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသနဲ့ ယူကရိန်းပိုင် ဒေါနက်စ် မြို့တို့အကြားမှာ ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

DVB

0 comments:

Post a Comment