Saturday, December 1, 2018

အဂတိမှုဖြင့် တိမ်းရှောင်နေသည့် တရုတ်နိုင်ငံသားကို ဘူဂေးရီးယားက ပြန်လွှဲပြောင်း


တရုတ်နိုင်ငံဟာ အဂတိလိုက်စားမှု နဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ နိုင်ငံသား ၁ ဦးကို ဥရောပတိုင်း ပြည်တခုကနေ ပထမဆုံးအကြိမ် ပြန်လည်ဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်။ 
နိုဝင်ဘာ ၃၀ ရက်နေ့က မစ္စတာ ယောင်ဆိုသူကို ဘူဂေးရီးယားနိုင်ငံကနေ တရုတ်နိုင်ငံထံ ပြည်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ 

သူဟာ ကျဲ့ကျန်း ပြည်နယ်က ကောင်တီအဆင့်ရှိ အရာရှိတဦးဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုနဲ့ စုံစမ်းခံရပြီးနောက် ၂၀၀၅ ခုနှစ်က နိုင်ငံကနေ ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ 

သူဟာ နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) က အလိုရှိနေသူ စာရင်းထဲ ပါဝင်ခဲ့ပြီး အောက်တိုဘာ ၁၇ ရက်နေ့မှာ ဘူဂေးရီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

အဂတိလိုက်စားမှုနဲ့ သံသယရှိသူ အတော်များများဟာ ဆန္ဒအလျောက် တရုတ်နိုင်ငံကို ပြန်လာခဲ့တယ်လို့ တရုတ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ 

ဒါပေမယ့် တက်ကြွလှုပ်ရှားသူတွေကတော့ တရုတ်အစိုးရဟာ တခါတရံမှာ သံသယရှိသူတွေရဲ့ မိသားစုဝင်တွေကို ဖိအားပေးပြီး သူတို့ ပြန်လာအဖမ်းခံအောင် လုပ်ဆောင်တဲ့ အပေါ်မှာ စိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။

DVB

0 comments:

Post a Comment