Thursday, December 27, 2018

ဘဏ်ဝန်ထမ်းကို အုပ်စုဖွဲ့ရိုက်နှက်မှုတွင် ပါဝင်သောဒုရဲအုပ်ကို အရေးယူထားဟု တနင်္သာရီရဲတပ်ဖွဲ့ပြော

ကော့သောင်းမြို့ ဧရာဝတီဘဏ်ဝန်ထမ်း အမျိုးသား တစ်ဦးကို အုပ်စုဖွဲ့၍ ဝိုင်းဝန်းရိုက် နှက်ထိုးကြိတ်မှုတွင် ပါဝင်ကျူး လွန်ကြောင်း ပေါ်ပေါက်သဖြင့် ဒုရဲအုပ်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူထား သည်ဟု တနင်္သာရီတိုင်း ဒေသကြီးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးစိန်ဝင်းက ပြောသည်။ ယင်းဒုရဲအုပ်အား မည်သည့်ပြစ်ဒဏ်ချမှတ်မည်ကိုမူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က အတည်ပြုမည်ဟု ဒုတိယရဲမှူးကြီးစိန်ဝင်းက ဆိုသည်။ 
‘‘သူက ပြစ်မှုကျူးလွန်တာ ပေါ်လွင်တယ်လေ။ ဒါကြောင့် အရေးယူထားပါတယ်။ ဘာလုပ် ရမယ်ဆိုတာဟာ အတည်ပြုချက် က နရခ (မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာ နချုပ်)က ပေးတာလေ’’ ဟု ၎င်း က ဆိုသည်။ 

ဒီဇင်ဘာ ၂ ရက် ညဥ့် ၁၂ နာရီခွဲခန့်တွင် ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ ဧရာဝတီ ဘဏ် ATM စက်ရှေ့၌ ငွေထုတ်ရန် သူငယ်ချင်း ခြောက်ဦးနှင့်အတူ စောင့်ဆိုင်းနေစဉ် ရပ်ကွက်အုပ် ချုပ်ရေးမှူးအပါအဝင် ဒုရဲအုပ်နှင့် မီးသတ်တပ်ဖွဲ့ဝင်အချို့ ပါဝင် သော အုပ်စုက ၎င်းတစ်ဦးတည်း ကိုသာ အကြောင်းမဲ့ ဝိုင်းဝန်းထိုး ကြိတ်ရိုက်နှက်ခဲ့ကြောင်း ကာယကံရှင် ဧရာဝတီဘဏ်ဝန်ထမ်းက ပြောထားသည်။ 

ထိုးကြိတ်ခံရမှုကြောင့် မျက်နှာဖူးရောင်၊ လည်ပင်းဖူးရောင် နှင့် နောက်ကျောပေါက်ပြဲဒဏ်ရာ များရရှိသဖြင့် ဆေးရုံတက်၍ ဆေး ကုသမှုခံယူခဲ့ရသည်။ 

ထိုသို့ ဝိုင်းဝန်းထိုးကြိတ်ရိုက် နှက်သည့် စီစီတီဗီမှတ်တမ်းဗီဒီယို ဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီး တရားဥပဒေစိုးမိုးမှုအပေါ် ပြည်သူများအကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။ 

ကော့သောင်းမြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းရာ ကိုကျော်စွာဝင်း ခန္ဓာကိုယ်တွင် ရရှိသော ဒဏ်ရာသည် သာမန်ဒဏ်ရာဖြစ်၍ ရဲအရေး မပိုင်ဆိုကာ ရဲစခန်းက တရားရုံးဦးတိုက်လျှောက်အမှုဖွင့်၍ တရားရုံးသို့ အမှုလွှဲပြောင်းပေးသဖြင့် လက်ရှိတွင် ယင်းအမှုကို မြို့နယ်တရားရုံး၌ စစ်ဆေးနေသည်။

7Day

0 comments:

Post a Comment