Thursday, December 27, 2018

လှိုင်သာယာရှိ ကျူးကျော်နေအိမ်များကို ဖယ်ရှားစဉ် ရဲတပ်ဖွဲ့ဝင်အချို့နှင့် နေထိုင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွား



လှိုင်သာယာမြို့နယ် ညောင်ရွာရပ်ကွက်ရှိ ကျူးကျော် နေအိမ်များကို ဖယ်ရှားရှင်းလင်းမည့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်အချို့နှင့် ကျူးကျော်နေထိုင်သူများ ယမန်နေ့ကရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ 
ညောင်ရွာရပ်ကွက် သဇင်လမ်းရှိ ကျူးကျော်များနေထိုင်သည့်မြေကို ဒီဇင်ဘာ ၂၇ ရက် နေ့လယ်တွင် တရားရုံးဆုံးဖြတ်ချက်ဖြင့် ရဲတပ်ဖွဲ့ဝင်(၁၀)ဦးခန့်က ဖယ်ရှားရှင်းလင်းရန် ပြင်ဆင်စဉ် လက်ရှိနေထိုင်သူ လူဦးရေ ၁၀၀ ခန့်က လမ်းအတွင်း ၀င်ရောက်ခွင့်မပြုဘဲ လမ်းထိပ်၌ တားဆီးပိတ်ဆို့ခဲ့သည်။ 

ကျူးကျော်နေထိုင်သူများက ၂၀၀၀ ပြည့်နှစ်ကတည်းကအဆို ပါမြေတွင် နေထိုင်ခဲ့ခြင်းဖြစ်ပြီး ဖယ်ရှားပေးရမည်ဆိုပါက နေ ထိုင်ရေးအခက်အခဲများ ရှိနိုင်၍ ဖယ်မပေးနိုင်ကြောင်း လုံခြုံရေးရဲ တပ်ဖွဲ့ဝင်အချို့ကို အော်ဟစ် ပြောဆိုသည်။ 

ရဲတပ်ဖွဲ့ဝင်များက တားဆီး ပိတ်ဆို့ထားမှုများကို ကျော်၍ ၀င် ရန်ကြိုးစားစဉ်အပြန်အလှန်တင်း မာမှုဖြစ်ပေါ်ခဲ့သည်။ 

ကျူးကျော်နေထိုင်သူများက ကျောင်းနေအရွယ် ကလေးများ နှင့် အမျိုးသမီးများကို ရှေ့တွင် ထား၍ ရဲတပ်ဝင်များအကြမ်းဖက် ၀င်ရောက်နိုင်ခြင်းမရှိအောင်နေ ရာချထားသည်။ 

ထိုသို့ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံစဉ်ကလေးအ ချို့ကလည်းနိုင်ငံတော်သီချင်း သံပြိုင်သီဆိုပြီး အမျိုးသမီးအ ချို့က ရဲတပ်ဖွဲ့ဝင်များကို ကိုယ် ချင်းစာရန်နှင့် အိမ်များကိုဝင် ရောက်ဖျက်ဆီးခြင်းမပြုလုပ်ရန် အော်ဟစ်ငို၍ တောင်းဆိုခဲ့ကြ သည်။ 

‘‘ဒီကဖယ်ရရင် ဘယ်မှာ သွားနေကြရမှာလဲ။ ကျွန်မတို့ ဘ၀ကိုလည်းငဲ့ပါဦး’’ ဟု မိသား စု ငါးဦးနှင့် အတူနေထိုင်သည့် ဒေါ်မြင့်ကပြောသည်။ 

ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ် တိုက်တွေ့သည့်နေရာတွင် ‘ဥပ ဒေတိုင်းဟာတရားမျှတမှုရှိပါသ လား’ ဆိုသည့် စာသားဗီနိုင်းကို ကြိုးဖြင့်ချိတ်ဆွဲထားပြီးနေအိမ် များ၌ ‘‘ခင်များတို့ထမင်းတစ်နပ် စားရဖို့ အရေးသူတစ်ပါးအသိုက် အမြုံကို ဖျက်ဆီးကြတော့မှာ လား’’ ဆိုသည့် ဗီနိုင်းများကပ်ထား သည်။ 

အဆိုပါကျူးကျော်များနေ ထိုင်သည့် သဇင်လမ်းရှိပေ ၄၀၊ ပေ ၆၀ မြေကွက် ၂၅ ကွက်ကို မြေပိုင်ရှင်တစ်ဦးက ၎င်းမြေကွက် ဖြစ်သည်ဟုဆိုကာ လက်ရှိနေ ထိုင်သူများကို ၂၀၁၂ ကတည်း က တရားစွဲဆိုခဲ့သည်။ 

ယင်းမြေကွက် ၂၅ ကွက် ပေါ်တွင် ကျူးကျော်နေထိုင်သူ အိမ်ထောင်စု ၁၅၀ ခန့်ရှိပြီးအ ကွက် ရှစ်ကွက်မှ အိမ် ၃၉ လုံးကို ဖျက်သိမ်းရန်တရားရုံးကခွင့်ပြု၍ လာရောက် ဖျက်သိမ်းဖယ်ရှား ခြင်းဖြစ်ကြောင်း ကျူးကျော်နေ ထိုင်သူများကပြောသည်။ 

ယင်းနေအိမ် ၃၉ လုံးအနက် မှ ၁၅ လုံးကို ယခုလဆန်းက တစ်ကြိမ်ဖယ်ရှားခဲ့ပြီး ကျန်ရှိ သည့် အိမ် ၂၄ လုံးကိုထပ်မံဖယ် ရှားရန်ပြင်ဆင်စဉ် ယခုကဲ့သို့အ ခြေအနေ တင်းမာခဲ့ခြင်းဖြစ် သည်။ 

‘‘ကျန်တဲ့မြေကွက်တွေက အိမ်တွေအတွက်တော့ တရားရင် ဆိုင်နေတုန်းပဲဖြစ်လို့ ဖယ်ရှား မယ့်အထဲမှာတော့ မပါသေးဘူး။ ဒါပေမဲ့ ဖယ်ရမယ်ဆိုတဲ့အသိရှိ နေတော့ ဘယ်သူမှစိတ်မဖြောင့် ကြဘူး’’ ဟု ယင်းလမ်းအတွင်းနေ ထိုင်သည့်မချောစုကပြောသည်။ 

ထိုသို့ဖယ်ရှားခံရမည့် ကျူး ကျော်အများစုသည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရက မကြာခင်က စာရင်းကောက်ယူ၍ ပေးထား သည့် ‘‘ကျူးကျော်စမတ်ကတ်’’ များ ရရှိထားသည်။ 

‘‘စမတ်ကတ်ထုတ်ပေးတုန်း ကလည်း ချက်ချင်းဖယ်ပေးရမယ် မပြောထားဘူး။ နေစရာရအောင် လုပ်ပေးဖို့ပြောပြီးအခုဖယ်ရမယ် ဆိုတော့ ဘာတွေမှန်းနားမလည် တော့ဘူး’’ ဟု ယင်းစမတ်ကတ်ရ ရှိထားသည့် ဦးဝင်းဗိုလ်ကပြော သည်။ 

ယင်းမြေပိုင်ရှင်သည် စက်ရုံ ပိုင်ရှင်တစ်ဦးဖြစ်ကြောင်း ကျူး ကျော်နေထိုင်သူများက ပြော သည်။ မြေပိုင်ရှင်ထံဖြစ်စဉ်အခြေ အနေနှင့် ပတ်သက်၍ 7Day Daily သတင်းစာကဆက်သွယ် မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်မရခဲ့ပေ။ 

ယမန်နေ့ (ဒီဇင်ဘာ ၂၇) နေ့လယ် ၁၂ နာရီခန့်က ဖယ်ရှား ခွင့်ကျထားသည့် နေအိမ်များကို ၀င်ရောက်ဖယ်ရှားခြင်းကို နေ ထိုင်သူများကလက်မခံပဲပိတ်ဆို့ ထားခြင်းကြောင့် နာရီဝက်ခန့်အ ချေအတင်စကားများခဲ့ပြီး နောက် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ရန် မကြိုးစားတော့ဘဲပြန်လည်ထွက် ခွာသွားခဲ့သည်။ 

‘‘တာဝန်အရပဲလာရောက်ရ တာဖြစ်ပါတယ်။ လုံခြုံရေးရယူ ပေးဖို့သက်သက်ပါ’’ဟု ရဲအရာရှိ တစ်ဦးကပြောသည်။ 

ထို့နောက် နေ့လယ် ၁ နာရီ ခန့်တွင်အခြေအနေ ပြန်တည် ငြိမ်သွားသည်။ 


သို့သော်ကျူးကျော်နေထိုင် သူများကမူ လမ်းအတွင်းသို့ဝင် ရောက်နိုင်သည့် နေရာများကို ဖြန့်ကြက်၍ ရှောင်တခင်ဝင် ရောက်ဖယ်ရှားခြင်း မပြုလုပ်နိုင် အောင် ဆက်လက်ပိတ်ဆို့ထား သည်။

7Day 

0 comments:

Post a Comment