Thursday, December 27, 2018

ဇန်န၀ါရီ ၁ ရက် အောင်ဘာလေထီတွင် ဆု ၁၂၀၀ ကျော် တိုးမြှင့်ဖွင့်လှစ်မည်


ဇန်န၀ါရီ ၁ ရက် ဖွင့်လှစ်မယ့် ၂၂ ကြိမ် မြောက်အောင်ဘာလေထီမှာ ကျပ် ၁ သိန်းဆု ၁၀၀၀ အပါအ၀င် ဆုမဲပေါင်း ၁၂၀၀ ကျော် တိုးမြှင့်သွားမယ်လို့ ဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ 
ကျပ်သိန်း ၅၀၀ ဆု ၁ ဆု၊ ကျပ်သိန်း ၃၀၀ ဆု ၁ ဆု၊ ကျပ်သိန်း ၁၀၀ ဆု ၂ ဆု၊ ကျပ်သိန်း ၃၀ ဆု ၁ ဆု၊ ကျပ် ၁၀ သိန်း ၂ ဆု၊ ကျပ် ၃ သိန်းဆု ၂၀၊ ကျပ် ၂ သိန်းဆု ၂၀၀ နဲ့ ကျပ် ၁ သိန်းဆု ဆုပေါင်း ၁၀၀၀ ထိ တိုးပြီး ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ 

ကျပ် ၅၀၀ တန် ထီဖွင့်ပွဲမှာက အက္ခရာကနေ အ အက္ခရာ၊ ကက အက္ခရာကနေ ကဏ အထိ စုစုပေါင်း အက္ခရာ ၅၁ လုံးအထိ ထုတ်ဝေရောင်းချခဲ့တာ အားလုံး ကုန်အောင် ရောင်းချခဲ့ရတယ်လို့ အောင်ဘာလေထီဌာနခွဲရဲ့ သတင်းမှာ ဖော်ပြပါတယ်။ 

ထီလက်မှတ်ရောင်းရငွေ ကျပ်သန်းပေါင်း ၂၀၈၆၃ ဒသမ ၅၉၀ ဖြစ်ပြီး ထီထိုးသူတွေကို ခွဲဝေပေးမယ့် ငွေက ကျပ်သန်းပေါင်း ၁၂၅၁၈ ဒသမ ၁၅၄ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်တခုအတွင်းမှာ ကိုယ်စားလှယ်တဦးက ထီဆုသေးတွေကို ပိုပြီး ထည့်သွင်းပေးရင် ထီထိုးသူအများစုအတွက် ပိုအကျိုးရှိနိုင်တယ်လို့ ဝေဖန်ထောက်ပြခဲ့ဖူးပြီး အခု ၂၂ ကြိမ် ထီဖွင့်ပွဲမှာတော့ ကျပ် ၁ သိန်းဆုတွေကို ဆုမဲပေါင်း ၁၀၀၀ အထိ တိုးမြှင့်ဖွင့်လှစ်ပေးလာတာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment