Thursday, December 27, 2018

ဇန်န၀ါရီလတွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းသုံးဖွဲ့ တွေ့ဆုံညှိနှိုင်းမည်


အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ ဇန်န၀ါရီလအတွင်း တွေ့ဆုံဆွေးနွေးကြဖို့ သဘောတူထားပြီး တွေ့မယ့်နေရာနဲ့ အချိန်ကို နှစ်ဖက်ညှိနှိုင်းနေတုန်း ဖြစ်ပါတယ်။ 
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော်က “ဒီ ၁ လပိုင်းမှာ တွေ့မယ်၊ ရက်နဲ့ နေရာကတော့ မညှိရသေးဘူး” လို့ ပြောပါတယ်။ 

တရုတ်နိုင်ငံရဲ့ ကြားဝင်ကူညီပေးမှုနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၁၂ ရက်က တွေ့ဆုံဆွေးနွေးမှုအပြီးမှာ မြောက်ပိုင်း သုံးဖွဲ့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်ပါဝင်သွားမယ်ဆိုတဲ့ ဒီဇင်ဘာ ၁၃ ရက် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီကြေညာချက်အပေါ် အစိုးရငြိမ်းချမ်းရေးကော်မရှင်က ကြိုဆိုလိုက်ပြီး မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဆက်လက် ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

တခါ ဒီဇင်ဘာ ၂၁ရက်မှာတော့ တပ်မတော်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ ၄ လကျော်ကြာ စစ်ဆင်ရေး ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ဆက်လက် ထုတ်ပြန်ကြေညာခဲ့ပြန်ပါတယ်။ 

ဇန်န၀ါရီမှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းသုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်မတော် (ULA/AA) တို့ တွေ့ဆုံညှိနှိုင်းကြမှာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment