Tuesday, December 25, 2018

ရွှေဘိုမြို့နယ် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းတစ်ခုပေါ်တွင် အပန်းဖြေစခန်းတစ်ခု ပြုလုပ်သွားမည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြောကြား


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ဆယ်ပင်ကျွန်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်းရှိ ကျွန်းတစ်ခုပေါ်တွင် အပန်းဖြေစခန်းတစ်ခု ပြုလုပ်မည်သွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးမိုးကျော်သူ၏ ပြောကြားချက်အရ သိရသည်။ 
အဆိုပါအပန်းဖြေစခန်း၏အမည်ကို ရွှေကျွန်းသာဟု အမည်ပေးထားကြောင်း၊ ယင်းကျွန်းသည် ရွှေဘိုမြို့နယ် ဧရာဝတီမြစ်အတွင်းရှိ ဆယ်ပင်ကျွန်းကျေးရွာအနီး၌ တည်ရှိကြောင်း၊ ကျွန်းပေါ်တွင် အပန်းဖြေစခန်းတစ်ခုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် ကင်းထောက်အဖွဲ့များသည် ဘယ်သို့မည်ပုံပြုလုပ်ရသည်ကို လူထူအား သိရှိစေရန်အတွက် သင်တန်းပေးရင်းဖြင့် အပန်းဖြေစခန်းတစ်ခု ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“ဒီလ ၃၁ ရက်နေ့မှာ ဖွင့်ပွဲလုပ်မယ်။ ရွှေဘိုမြို့နယ် ဆယ်ပင်ကျွန်းကျေးရွာအနီးမှာ အဲဒီကျွန်းရှိတယ်။ ဧရာဝတီမြစ်ထဲမှာပဲ။ ကျွန်းရဲ့အမည်ကတော့ ရွှေကျွန်းသာလို့ အမည်ပေးထားတယ်။ ကျေးရွာတွေမှာ ကင်းထောက်အဖွဲ့တွေကို ကျွန်တော်တို့က ဘယ်လိုလုပ်ရတယ်ဆိုတာ ဒေသခံတွေကို သိအောင်လို့ သင်တန်းပေးရင်း အဲဒီကင်းထောက်အဖွဲ့အတွက် ရန်ပုံငွေထူထောင်တဲ့အနေနဲ့ ကျွန်တော်တို့က ရွှေကျွန်းသာအပန်းဖြေစခန်းကို လုပ်တာပါ”ဟု ရွှေဘိုမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောကြားသည်။ 

သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့် အချိန်အခါတွင်လည်းကောင်း၊ ဒေသန္တရတွင် ဖြစ်ပျက်နေသည့် အချိန်အခါများတွင်လည်းကောင်း စသည့်အချက်အလက်များကို ကင်းထောက်အဖွဲ့များက သက်ဆိုင်ရာသို့ အချိန်မီ သတင်းပေးပို့ရမည်ဖြစ်ကြောင်း၊ အပန်းဖြေစခန်းကို ကျေးရွာ၏ ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ဆယ်ပင်ကျွန်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်းရှိ ကျွန်းတစ်ခုပေါ်တွင် အပန်းဖြေစခန်းတစ်ခုပြုလုပ်မှုသည် တိုင်းဒေသကြီးအစိုးရရန်ပုံငွေမပါရှိဘဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးမိုးကျော်သူက ဆက်လက်ပြောကြားသည်။ 

ယင်းကျွန်းပေါ်သို့ အလည်အပတ်လာရောက်သူများထံကနေ ငွေကောက်သွားမည်ဖြစ်ပြီး ကောက်ခံ၍ရရှိလာသော ငွေများကိုလည်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အပန်းဖြေစခန်း၏ မြေဧရိယာအကျယ်အဝန်းမှာ ငါးဧကအထိရှိကြောင်း ဦးမိုးကျော်သူ၏ ပြောကြားချက်အရ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment