(၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်အစ (၃)လအတွင်းကုန်သွယ်မှုပမာဏမှာ ကာလတူထက် အမေရိကန်ဒေါ်လာသန်း(၅၀၀) ခန့်အထိပိုမိုကုန်သွယ်မှုပြုလုပ်ထားနိုင်ခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
"အောက်တိုဘာ (၁)ရက်ကနေဒီဇင်ဘာနောက်ဆုံးပတ်အထိ ပို့ကုန်ရောသွင်းကုန်ပါကာလတူထက်ပိုမို ကုန်သွယ်ထားနိုင်ပါတယ်။ပို့ကုန်ဆိုရင် ဒေါ်လာသန်း(၄၀၀)ဝန်းကျင်အထိ ပိုမိုတင်ပို့ထားပါတယ်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကဆိုသည်။
ပြည်ပပို့ကုန်မှကန် သန်း(၄၀၀)ဝန်းကျင် နှင့်သွင်းကုန်အပိုင်းမှကန်ဒေါ်လာ သန်း(၁၀၀)စုစုပေါင်းကန်ဒေါ်လာ သန်း (၅၀၀)ဝန်းကျင်အထိ ပိုမိုကုန်သွယ်မှုပြုထားနိုင်ခဲ့သည်ဟု ဆိုသည်။
ပြည်ပပို့ကုန်အပိုင်းအတွင် ပဲမျိုးစုံတင်ပို့မှုကတန်ချိန်(၂)သိန်းကျော်ကာလတူထက်ပိုများခဲ့ပြီးCMP ကဏ္ဍက လည်း နှစ်စဉ်တင်ပို့မှုတိုးတက်လာနေသည်ဟုသိရသည်။
ယခင်ကလယ်ယာထွက်ကုန်ကဏ္ဍတွင်အများဆုံးတင်ပို့ခဲ့သည့် ဆန်နှင့်ပြောင်းမှာတရုတ်နိုင်ငံ၏ တရားမဝင်ကုန်သွယ်မှုကိုတင်းကြပ်စွာတားမြစ်လာသည့်အခြေအနေများကြောင့်ယခုနှစ်တွင် ကာလတူထက်လျော့နည်းလာခဲ့ခြင်းဖြစ်သည်။
Popular News Journal
0 comments:
Post a Comment