Thursday, December 27, 2018

အ​မေရိကန်​၏အလွှမ်းမိုးဆုံးအမျိုးသားနှင့်​အမျိုးသမီးအဖြစ်​ အိုဘားမားစုံတွဲရပ်​တည်


အ​မေရိကန်​သမ္မ​တ​ဟောင်း ဘားရက်​ အိုဘားမားနဲ့ ဇနီးမစ်​ရှဲလ်​ အိုဘားမားတို့ဟာ အ​မေရိကန်​နိုင်​ငံရဲ့လွှမ်းမိုးမှုအရှိဆုံးအမျိုးသားနဲ့အမျိုးသမီးအဖြစ်​ ရပ်​တည်​​နေပါတယ်​။ 
Gallup(​ဂေါလက်​ပ်​)ကုမ္ပဏီရဲ့စစ်​တမ်း​ကောက်​ယူမှုအရသိရတာပါ။ 
အလွှမ်းမိုးဆုံးအမျိုးသမီးအဖြစ်​ မစ်​ရှဲလ်​ အိုဘားမားရပ်​တည်​​နေတာ​ကြောင့်​ သမ္မတ​ဟောင်းက​တော်​၊ နိုင်​ငံခြား​ရေးဝန်​ကြီးနဲ့ (၂၀၁၆)အ​မေရိကန်​​ရွေး​ကောက်​ပွဲမှာ ဒီမိုကရတ်​ပါတီသမ္မတ​လောင်းဖြစ်​ခဲ့တဲ့ ဟီလာရီ ကလင်​တန်​ရဲ့ (၁၇)နှစ်​ဆက်​တိုက်​ လွှမ်းမိုးမှုအရှိဆုံးအမျိုးသမီးအဖြစ်​ ရပ်​တည်​ချက်​ပြီးဆုံးခဲ့ပါတယ်​။ 
(၂၀၁၈)ခုနှစ်​အ​​မေရိကန်ကို​လွှမ်းမိုးမှုအရှိဆုံးအမျိုးသမီးအဖြစ်​ ပထမ​နေရာမှာ မစ်​ရှဲလ် ​အိုဘားမား၊ ဒုတိယ​နေရာမှာ ​တီဗွီအစီအစဉ်တင်ဆက်သူ​အော်​ပရာဝင်းဖ​ရေား တတိယ​နေရာမှာ ဟီလာရီကလင်​တန်​၊ စတုတ္ထ​နေရာမှာ သမ္မတက​တော်​မီလန်​နီယာ ထရမ့်​နဲ့ ပဉ္စမ​နေရာမှာြ​ဗိတိန်​ဘုရင်​မကြီး အဲလိဇဘတ်​(II)တို့ရှိ​နေပါတယ်​။ 
လွှမ်းမိုးမှုအရှိဆုံးအမျိုးသား​တွေထဲက ပထမ​နေရာမှာ သမ္မတ​ဟောင်း ဘားရက်​ အိုဘားမား၊ ဒုတိယ​နေရာမှာသမ္မတ​ဒေါ်နယ်​ ထရမ့်​၊ တတိယ​နေရာမှာသမ္မတ​ဟောင်း ​ဂျော့ဂ်ျ​ဒ​ဗလျူ ဘုရှ်​၊ စတုတ္ထ​နေရာမှာ ပုပ်​ရဟန်းမင်းကြီး ဖရန်​​ဆေးနဲ့ ပဉ္စမ​နေရာမှာ ​ဘီလ်​ ဂိတ်​တို့ရှိ​နေပါတယ်​။ 
ဟီလာရီကလင်​တန်​ဟာ ပြီးခဲ့တဲ့(၁၇)နှစ်​လုံးလုံး ပထမ​နေရာမှာဆက်​တိုက်​ရပ်​တည်​​နေတာအပါအဝင်​ အဲဒီစာရင်းမှာ (၂၂)ကြိမ်​ပါဝင်​ခဲ့ဖူးပါတယ်​။ 
အော်​ပရာ ဝင်းဖ​ရေးက အဲဒီစာရင်းမှာ ပထမ​နေရာမရဖူး​ပေမဲ့ ဒုတိယ​နေရာမှာ (၁၄)ကြိမ်​ရပ်​တည်​ခဲ့ပါတယ်​။ 
ဘားရက်​ အိုဘားမားသာ ​နောက်​တစ်​နှစ်​ထပ်​ပြီး အလွှမ်းမိုးဆုံးစာရင်းထဲပါလာမယ်​ဆိုရင်​ သူဟာ ​ဂေါလက်​ပ်​ရဲ့စံချိန်​တင်​အလွှမ်းမိုးဆုံးအမျိုးသားဖြစ်​တဲ့ သမ္မတ​ဟောင်း ဒွိတ်​ အိုက်​ဆင်​​ဟောင်​ဝါရဲ့(၁၂)ကြိမ်​​ကို ချိုးဖျက်​နိုင်​​တော့မှာပါ။ 
တစ်​ချိန်​တည်းမှာပဲ သမ္မတ​ဒေါ်နယ် ထရမ့်​ဟာတာဝန်​ထမ်း​ဆောင်​​နေဆဲမှာ အလွှမ်းမိုးဆုံးအမျိုးသားမဖြစ်​ခဲ့တဲ့ ဒုတိယတစ်​ဦးဖြစ်​ခဲ့ပြီး ပထမတစ်​ဦးက​တော့ ဂျီရယ်​ ဖို့ဒ်​ဖြစ်​ပါတယ်​။ 
အခုနှစ်​စာရင်းမှာပါဝင်​ခဲ့သူ​တွေကို အ​မေရိကန်​နိုင်​ငံသား(၁၀၂၅)ဦးက ​ရွေးချယ်​​ပေးခဲ့တာဖြစ်​ပြီး ကမ္ဘာ့ဘယ်​​နေရာက ပုဂ္ဂိုလ်​ကိုမဆို ​ရွေးချယ်​ခွင့်​ရှိပါတယ်​။ 
ဂေါလက်​ပ်​ဟာ (၁၉၄၆)ခုနှစ်​ကတည်းက အ​မေရိကန်​ရဲ့အလွှမ်းမိုးဆုံးလူ​တွေကို စစ်​တမ်း​ကောက်​ယူခဲ့​ပေမဲ့ (၁၉၇၆)ခုနှစ်​မှာ​တော့ မ​ကောက်​ယူနိုင်​ခဲ့ပါဘူး။ 
ဒီဇင်​ဘာ(၃)ရက်​နဲ့(၁၂)ရက်​ကြားစာရင်း​ကောက်​ယူမှုမှာ အမှားရာခိုင်​နှုန်း±(၄)ရာခိုင်​နှုန်းရှိတယ်​လို့ ​ဂေါလက်​ပ်​က​ပြောထားပါတယ်​။ 

Source-BBC 
#ဥက္ကာ 
#TheFifthWaveNews


0 comments:

Post a Comment