Wednesday, December 26, 2018

ခရစ္စမတ်နေ့အထိမ်းအမှတ် အလှူသွားစားသည့် လူ ၄၅ ဦး ဝမ်းလျှော

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် သလပ်ခွာ ကျေးရွာအုပ်စု လိပ်အင်ကုန်းကျေးရွာ၌ ခရစ္စမတ်နေ့ အထိမ်းအမှတ် အလှူသွားစားသည့် လူ ၄၅ ဦးသည် ဒီဇင်ဘာ ၂၅ ရက်နေ့က ဝမ်းလျှောရောဂါဖြစ်၍ သလပ်ခွာ တိုက်နယ်ဆေးရုံသို့ တက်ရောက်ကုသခဲ့ရကြောင်း ယင်းဆေးရုံထံမှသိရသည်။ 
ယင်းကျေးရွာနေ အသက် ၄၅ နှစ်ရှိ ဦးရဲထွန်း၏ နေအိမ်၌ ခရစ္စမတ်နေ့အထိမ်း အမှတ်အဖြစ် ဝက်သားဟင်းနှင့် ထမင်းဧည့်ခံကျွေးမွေးသည်ကို ဒေသခံပြည်သူ ၆၀ ဦးခန့် လာရောက်စားသောက်ကြသည်အနက် လူကြီး အမျိုးသား၊ အမျိုးသမီး ၅ ဦး၊ ကလေး ကျား/မ ၄၀ ဦးတို့ ဝမ်းလျှောခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသခံ ဦးခင်သန်းက ဆိုသည်။ 

ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် လူကြီး ကျား၊ မ ၅ ဦးနှင့် ကလေး ကျား/မ ၂၈ ဦးတို့ ပြန်လည်ကျန်းမာလာ၍ ဆေးရုံဆင်းသွားပြီဖြစ်ပြီး ကျန်သူများ ယင်းဆေးရုံတွင် ဆေးကုသမှုဆက်လက် ခံယူနေဆဲဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း သလပ်ခွာတိုက်နယ်ဆေးရုံထံမှ သိရသည်။ 

The Voice  

0 comments:

Post a Comment