Tuesday, December 25, 2018

ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ မီးလောင်မှုမှာ မျက်နှာကြက်အတွင်း သွယ်တန်းထားသော ၀ိုင်ယာကြိုးပေါက်ရာမှ Short Circuit ဖြစ်ပြီး လောင်ကျွမ်းခြင်းဖြစ်


ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ထောင်တလုပ်ရပ်ကွက် အမှတ် (၇) လမ်းမကြီးဘေးရှိ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံ မီးလောင်မှုမှာ မျက်နှာကြက်အတွင်း သွယ်တန်းထားသော ၀ိုင်ယာကြိုးပေါက်ရာမှ Short Circuit ဖြစ်ပြီး စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့ မှ ဒီဇင်ဘာ ၂၅ ရက်တွင် သိရသည်။ 
ဒီဇင်ဘာ ၂၄ ရက်၊ ည ၁၂ နာရီခန့်တွင် ဆေးရုံးဝင်းအတွင်းရှိ အကျယ်အဝန်း (၁၂၀ × ၃၀)ရှိ သံကူကွန်ကရစ်၊ ယူပုံသဏ္ဌာန် နှစ်ထပ်အဆောက်အအုံ မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်ယာဉ်စေလွှတ်မှု အဆင့် (၃) သတ်မှတ်၍ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ 

မီးလောင်မှုအကြောင်းရင်းမှာ လူနာများစားသောက်ခန်းရှိ အထပ်သားမျက်နှာကြက်အတွင်း သွယ်တန်းအသုံးပြုထားသော ၀ိုင်ယာကြိုးများပေါက်၍ Short Circuit ဖြစ်ရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အဆောက်အအုံနှင့် အတွင်းပစ္စည်းများ လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ 

မီးလောင်မှုကို ဆေးရုံဝန်ထမ်းများက မီးသတ်ဆေးဘူး ၂၀ ဖြင့် ကနဦး ငြှိမ်းသတ်ခဲ့ကြောင်း၊ ထို့နောက် မီးသတ်တပ်ဖွဲ့ရောက်ရှိလာပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀၀ ကျော်၊ အရန်မီးသတ်တပ်ဖွဲ့ ၁၀၀ ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါမီးလောင်မှုကြောင့် ဆေးရုံ၏ လျှပ်စစ်တာဝန်ခံဖြစ်သော အသက် ၅၉ နှစ် အရွယ် အမျိုးသားတစ်ဦးကို အရေးယူထားပြီး ပုဒ်မ ၂၈၅၊ (ပ)၁၃၇၇/၂၀၁၈ ဖြင့် ဒဂုံမြို့ သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment